၆ ဇန်နဝါရီ
ပုံပန်းသွင်ပြင်
|
ဇန်နဝါရီလ၊ (၆)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၆)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၅၉) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၆၀) ရက်) ကျန်သေးသည်။
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၁၈၅၃ – အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရသော ဖရန်ကလင် ပီးယားစ် နှင့် မိသားစုသည် မက်ဆာချူးဆက်ပြည်နယ်၊ အန်ဒိုဗာမြို့အနီးတွင် ဖြစ်ပွားသော မီးရထားမတော်တဆမှုတွင် ပါဝင်ခဲ့ပြီး ပီးယားစ်၏ ၁၁ နှစ်အရွယ် သားဖြစ်သူ ဘန်ဂျမင် သေဆုံးခဲ့သည်။
- ၁၉၀၇ – မာရီယာ မွန်တက်ဆိုရီသည် အီတလီနိုင်ငံ၊ ရောမမြို့တွင် ကလေးများအတွက် စာသင်ကျောင်းတစ်ခု ကို ဖွင့်လှစ်ခဲ့သည်။
- ၁၉၁၂ – နယူးမက္ကဆီကိုပြည်နယ် သည် အမေရိကန်ပြည်ထောင်စု၏ ၄၇ ခုမြောက် ပြည်နယ် ဖြစ်လာခဲ့သည်။
- ၁၉၂၉ – မာသာ ထရီဆာသည် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့သို့ ရောက်ရှိလာပြီး ဆင်းရဲသားများနှင့် နာမကျန်းသူများကို ကူညီခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။
- ၁၉၃၁ – သောမတ် အက်ဒီဆင်သည် သူ၏ နောက်ဆုံး မူပိုင်ခွင့်လျှောက်လွှာကို တင်သွင်းခဲ့သည်။
- ၁၉၄၁ – အမေရိကန်ပြည်ထောင်စု သမ္မတ ဖရန်ကလင် ဒီလာနို ရုစဗဲ့က သူ၏ Four Freedoms မိန့်ခွန်းကို ပြောကြားခဲ့သည်။
- ၁၉၅၀ – တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ယူနိုက်တက်ကင်းဒမ်းက အသိအမှတ်ပြုခဲ့သည်။ တရုတ်သမ္မတနိုင်ငံက ယူနိုက်တက်ကင်းဒမ်းနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။
- ၁၉၅၁ – ကိုရီးယားစစ်ပွဲ: ခန့်မှန်းခြေ ၂၀၀–၁,၃၀၀ ရှိသော တောင်ကိုရီးယား ကွန်မြူနစ် ထောက်ခံသူများ သတ်ဖြတ်ခံခဲ့ရသည်။
- ၁၉၅၃ – ပထမဆုံး အာရှကွန်မြူနစ်ညီလာခံကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည်။
- ၁၉၆၇ – ဗီယက်နမ်စစ်ပွဲ: အမေရိကန် မရိန်းတပ်ဖွဲ့နှင့် ဗီယက်နမ်သမ္မတနိုင်ငံ စစ်တပ်တို့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် "Deckhouse Five" စစ်ဆင်ရေးကို စတင်ခဲ့သည်။
- ၁၉၉၅ – ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ တိုက်ခန်းတစ်ခုတွင် ဓာတုဗေဒမီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာမှ Project Bojinka အမည်ရှိ အကြမ်းဖက် တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့သည်။
မွေးဖွားသူများ
[ပြင်ဆင်ရန်]- ၁၄၁၂ – ဂျုန်းအော့အတ်၊ ပြင်သစ် အမျိုးသမီး အာဇာနည် သူရဲကောင်း (၁၄၃၁ ကွယ်လွန်)
- ၁၉၃၁ – အီးအဲလ် ဒေါက်သရိုး၊ အမေရိကန် စာရေးဆရာနှင့် ပါမောက္ခ (၂၀၁၅ ကွယ်လွန်)
ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၁၉၁၈ – ဂျော့ ကန်တာ၊ ဂျာမန် သင်္ချာပညာရှင်နှင့် အတွေးအခေါ်ပညာရှင် (၁၈၄၅ မွေး)
- ၁၉၁၉ – သီအိုဒို ရုစဗဲ့၊ အမေရိကန် ဗိုလ်မှူးကြီးနှင့် နိုင်ငံရေးသမား၊ အမေရိကန်ပြည်ထောင်စု၏ ၂၆ ဦးမြောက် သမ္မတ (၁၈၅၈ ကွယ်လွန်)
- ၁၉၈၁ – အေ ဂျေ ကရိုနင်၊ စကော့လူမျိုး သမားတော်နှင့် စာရေးဆရာ (၁၈၉၆ မွေး)