အဲဗားဂလိတ် အမျိုးသားဥယျာဉ်
အဲဗားဂလိတ် အမျိုးသားဥယျာဉ် | |
---|---|
IUCN category Ib (wilderness area) | |
အမေရိကန် နှာခေါင်းတို မိချောင်းအား နေထွက်ချိန် ၉ မိုင်ကန်တွင် တွေ့ရပုံ | |
တည်နေရာ | မိုင်ယာမီ-ဒါဒီ ကောင်တီ၊ မွန်ရိုး ကောင်တီ နှင့် ကော်လီယာကောင်တီ ၊ ဖလော်ရီဒါ အမေရိကန်ပြည်ထောင်စု မြောက်အမေရိက |
အနီးဆုံး မြို့ | ဖလော်ရီဒါစီးတီး၊ ဖလော်ရီဒါပြည်နယ် အဲဗားဂလိတ် စီးတီး၊ ဖလော်ရီဒါပြည်နယ် |
ကိုဩဒိနိတ် | 25°18′45″N 80°41′15″W / 25.3125000°N 80.6875000°Wကိုဩဒိနိတ်: 25°18′45″N 80°41′15″W / 25.3125000°N 80.6875000°W |
ဧရိယာ | ၁,၂၁၇,၂၆၂ ဧက (၄,၉၂၆.၀၈ km2) |
ဖွဲ့စည်း | ဒီဇင်ဘာ ၆၊ ၁၉၄၇ |
လည်ပတ်သူများ | ၉၃၀,၃၀၇ (၂၀၁၆ ခုနှစ်အတွင်း) |
အုပ်ချုပ်ရေး | အမျိုးသားဥယျာဉ် ဝန်ဆောင်မှု ဌာန |
ဝဘ်ဆိုဒ် | Grand Canyon National Park |
အဲဗားဂလိတ် အမျိုးသားဥယျာဉ်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | အမေရိကန် |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | viii, ix, x |
ကိုးကား | ၇၆ |
ဒေသ** | ဥရောပ နှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
အဲဗားဂလိတ် အမျိုးသားဥယျာဉ် သည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တွင် တည်ရှိသော အမျိုးသားဥယျာဉ် တစ်ခု ဖြစ်ပြီး နဂို အဲဗားဂလိတ် ဒေသ၏ တောင်ဘက်ပိုင်း ၂၀ ရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်ထားသော ဒေသဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင်မူ အကြီးမားဆုံးသော အပူပိုင်းဇုံ တောရိုင်းမြေ ဖြစ်ပြီး မစ္စစ္စပီမြစ်၏ အရှေ့ဘက်ရှိ တောရိုင်းမြေများတွင် အကြီးဆုံး ဖြစ်ကာ တစ်နှစ်လျှင် ဧည့်သည်ပေါင်း ၁ သန်းခန့် လာရောက် လည်ပတ်လေ့ ရှိကြသည်။[၁] အောက်ပိုင်းပြည်နယ် ၄၈ ခုတွင် သေမင်းတမန်တောင်ကြား အမျိုးသားဥယျာဉ် နှင့် ယဲလိုးစတုန်း အမျိုးသားဥယျာဉ် တို့ပြီးလျှင် တတိယမြောက် အကြီးဆုံး အမျိုးသားဥယျာဉ် တစ်ခု ဖြစ်သည်။ ထိုအမျိုးသား ဥယျာဉ်နေရာအား အပြည်ပြည်ဆိုင်ရာဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေ ၊ ကမ္ဘာ့အမွေအနှစ်နေရာ နှင့် နိုင်ငံတကာ အရေးပါသော စိုစွတ်မြေ ဒေသ တို့ အဖြစ် ကြေညာထားပြီး ကမ္ဘာပေါ်တွင် ထိုစာရင်း ၃ ခု စလုံးတွင် ပါဝင်သော နေရာ ၃ ခု ထဲမှ တစ်ခု ဖြစ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Park Statistics။ National Park Service။ March 28, 2017 တွင် ပြန်စစ်ပြီး။
- ↑ Maltby, E., P.J. Dugan, "Wetland Ecosystem Management, and Restoration: An International Perspective" in Everglades: The Ecosystem and its Restoration, Steven Davis and John Ogden, eds. (1994), St. Lucie Press. ISBN 0-9634030-2-8.