လေဟာနယ်ပြွန်
သာမီယွန်နစ်ပြွန် ဆိုသည်မှာ ဗေကျွန်းပြွန် (Vacuum Tube) ကို ယခင်က ခေါ်ဝေါ်သော အမည်ဖြစ်သည်။ သာမျွန်နစ်ပြွန် အကြောင်းကို မရေးမီ 'သာမှန်ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ရှေးဦးစွာသိဖို့လိုပေမည်။ အရာဝတ္တုတစ်ခုကို အပူတိုက် ပေးလိုက်လျှင် ထိုဝတ္တုမှလျှပ်စစ်အဖိုဓာတ်နှင့် အမဓာတ်ဝင်နေသော မြူကလေးများလွင့်စဉ်၍ထွက်လာသည်။ အမဓာတ်ဝင်နေသော မြူကလေးများမှာ အီလက်ထရွန်များပင် ဖြစ်၏။ သာမန်ပူရုံမှနီရဲလာအောင်ပူသည့်အချိန်အတွင်း၌အဖိုဓာတ်ဝင်နေသောမြူများက အားကြီး၍ထိုထက်အပူလွန်ကာ ဓာတ်မီးစာမျှင် ကဲ့သို့အလင်းရောင်ထွက်လာသည် အထိပူလာသောအခါတွင်မူ အီလက်ထရွန်များကများပြားကြီး စိုးလာသည်။ အထက်ပါ လျှပ်စစ်အဖို နှင့်အမဓာတ်ဝင်နေသောမြူနှစ်မျိုးစလုံးကို 'သာမျွန်' များဟုသိမ်းကျုံးခေါ်ဝေါ်ကြ ၍အပူကြောင့်ဖြစ်ပေါ် လာသော မြူများဟုအဓိပ္ပာယ်ရလေသည်။ လျှပ်စစ်ဓာတ်သည် သံလိုက်ဓာတ်နည်းတူ ဆန့်ကျင်ဖက်ဓာတ်ရှိရာသို|လိုက်ပါလေ့ရှိ၏။ ထို့ကြောင့်အဆိုပါ အရာဝတ္ထုမှ ထွက်လာသောအီလက်ထရွန်များအနီးတွင် လေထုတ်ထားသောပြွန်၊ သို့မဟုတ်ဖန်သီးတစ်လုံးအတွင်း၌ လျှပ်စစ်အဖိုဓာတ်ရှိ သော ဓာတ်ခေါင်းတစ်ခုကိုထားပေးပါက အီလက်ထရွန်တို့သည် ထိုဓာတ်ခေါင်းရှိရာသို့ လိုက်ပါ စီးသွားခြင်းဖြင့်'သာမျွန်နစ်ကားရင့်'ဟုခေါ်သော လျှပ်စစ်ဓာတ်စီးကြောင်းကိုဖြစ်ပေါ်စေသည်။
ပလာနယ်တွင် အပူတိုက်ပေးထားသော အရာဝတ္ထုတို့မှ အဆိုပါလျှပ်စစ်ဓာတ်စီးကြောင်း ထွက်ပေါ်လာ တတ်ပုံကို တောမတ်အက်ဒီဆင်က ၁၈၈၃ ခုနှစ်၌ ရှေးဦးစွာစတင်တွေ့ရှိခဲ့၍ ဂျေဂျေသွန်မဆင်ကလည်း ယင်းဓာတ် စီးကြောင်း ၏ဂုဏ်သတ္တိများကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့၏။ သို့သော် ၁၉ဝ၅ ခုနှစ်သို့ရောက်မှ အမ်ဗရို့ဖလင် မင်က 'ရက်တီဖိုင်းယား'ခေါ်ဓာတ်စီးပြောင်း စက်တစ်ခုကို တီထွင်ခြင်း ဖြင့် ပထမဦးစွာလက်တွေ့အသုံးချနိုင်လာသည်။ ထိုမှတစ်ဖန် တိုးတက်လာသောတယ်လီဖုန်းနှင့် ရေဒီယိုပညာများကြောင့် သာမျွန်နစ်ပြွန်ဟုတွင်သော ပြွန်အမျိုးမျိုးပေါ် ပေါက်လာ လေသည်။
( ရက်တီဖိုင်းယား••။)
သာမျွန်နစ်ပြွန်ဟုတွင်ခြင်းမှာ သာမျွန်နစ်ဓာတ် စီးကြောင်းကို အသုံးချထားသည့်အတွက်ပင်ဖြစ်၏။ ပြွန်ထဲရှိ လေထုကိုထုတ်ထားသည့်အတွက် 'ပလာပြွန်'ဟူ၍လည်း တွင်လေသည်။ လျှပ်စစ်ခေတ်၌ထွန်းကားလာသော စက်ကရိယာများအနက် သာမျွန်နစ်ပြွန်များသည် ဒိုင်နမိုနှင့်ထရန်စဖောမား တို့မှလွဲလျှင်အရေးအကြီးဆုံးပင်ဖြစ်သည်ဟု ဆိုနိုင် သည်။ ဤပြွန်မျိုးသာမဖြစ်ထွန်းသေးပါက ရေဒီယိုနှင့် အဝေးပြောတယ်လီဖုန်းတို့သာမဟုတ်၊ ရေဒါ၊တယ်လီဗစ်ရှင်း နှင့်တကွ အခြား အသုံးအဆောင်များလည်း ယခုတိုင်အောင် ပေါ်ပေါက်နိုင်ကြဦးမည်မဟုတ်ချေ။ သာမျွန်နစ်ပြွန်များတွင် 'ဒိုင်အုတ်ပြွန်'နှင့်' ထရိုင်အုတ်ပြွန်' ဟူ၍ပြွန်နှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးပင်ပလာပြွန် ချည်းဖြစ်၏။ သို့သော်ဒိုင်အုတ်ပြွန်တွင် ဓာတ်မီးစာမျှင်မျိုး တစ်ခုနှင့်အခြား သတ္ထုပြားဓာတ်ခေါင်းတစ်ခု ပေါင်းနှစ်ခု သာရှိ၍ ထရိုင်အုတ်ပြွန်တွင် အဆိုပါဓာတ်ခေါင်းနှစ်ခုကြား၌ ဓာတ်လိုက်ဆန်ခါဓာတ်ခေါင်းတစ်ခုကို အပိုတတ် ဆင်ထား သည်။ ဤပြွန်များအတွင်းဖြစ်ပျက်ပုံသဘောနှင့် ယင်းတို့၏ သတ္တိများကို အောက်တွင် ဆက်လက်၍ဖော်ပြ လိုက်သည်။
ဒိုင်အုတ်ပြွန်တွင် ဓာတ်မီးစာမျှင်ကို လျှပ်စစ်ဓာတ်စီးဖြတ်စေပြီး အလင်းရောင်ထွက်အောင် ပူလာသောအခါ မီးစာမျှင်မှ ထွက်သော အီလက်ထရွန်များသည် ထိုဓာတ်ခေါင်း တို့နှင့် မည်သို့မျှဆက်သွယ်မှုမရှိချေ။ သို့သော် ထို ဓာတ်ခေါင်းကို ဗက်ထရီနှင့်ဆက်၍ လျှပ်စစ်အဖိုဓာတ် ပေးလိုက်ပါက အထက်တစ်နေရာတွင် ဖော်ပြခဲ့သည့်အတိုင်း လျှပ်စစ်အမ ဓာတ်ဝင်နေသော အီလက်ထရွန်တို့သည် အဖိုဓာတ်ရှိရာသို့ စီးခြင်းကြောင့်သာမျွန်နစ်ဓာတ်စီးကြောင်းတစ်ခု ဖြစ်ပေါ် လာတော့သည်။ ဤဓာတ်စီးကြောင်းသည် ဓာတ်မီးစာမျှင်မှ ဓာတ်ဖိုခေါင်းရှိရာသို့သာ တစ်ဖက်သတ်စီးသည်။ တစ်နည်းအားဖြင့် တစ်ဖက် တည်းကိုသာ သွားခွင့်ပြုသော အဆို့ရှင်ကဲ့သို့ပြုမူ၏။ ထို့ကြောင့်ဤဒိုင်အုတ်ပြွန်မျိုးကို ပြန်လှန်
စီးသော လျှပ်စစ်ကြောင်းမှတစ်ဖက်သတ်စီးသော လျှပ်စီးကြောင်းသို့ ပြုပြင်ပြောင်းလဲပေးနိုင်သည့် 'ရက်တီဖိုင်း ယား'အဖြစ် အသုံးချနိုင်လေသည်။
ထရိုင်အုတ်ပြွန်ကို လီဒါဖောရက်ဆိုသူပုဂ္ဂိုလ်တစ်ဦးက ၁၉ဝ၇ ခုနှစ်၌ တီတွင်ခဲ့သည်။ ဤပြွန်တွင်ဆိုခဲ့သည့်အတိုင်း ဓာတ်လိုက်ဆန်ခါသဖွယ်ဖြစ်သော တတိယဓာတ်ခေါင်းတစ်ခု အပိုပါ၍ ယင်းကို'ဂရစ်'ဟုခေါ်၏။ ရှေးဦးစွာ ဒိုင်အုတ်မှာကဲ့သို့ ဓာတ်မီးစာမျှင်မှအီလက်ထရွန်များ ဓာတ်ဖိုခေါင်းဖြစ်သော သတ္တုပြားဆီသို့စီးအောင်ပြုလုပ်ပြီး နောက် ဂရစ်ကို လျှပ်စစ် အမဓာတ်ပေးထားမည်ဆိုပါက အမဓာတ်ဝင်နေသော အီလက်ထရွန်များကို ဂရစ်ရှိအမဓာတ်က လမ်းမှနေ၍ တွန်းကန်လိုက်သည့်အတွက် အီလက်ထရွန်အားလုံးလိုလိုပင် ဓာတ်ဖိုခေါင်းရှိရာသို့ မရောက်နိုင်ကြတော့ ချေ။ ထိုအခါ ဓာတ်ဖိုခေါင်းနှင့်သက်ဆိုင်သောလျှပ်ဆာကစ်ရှိဓာတ်စီးကြောင်း သည်အစီးရပ်လုမတတ် ဖြစ်အောင်အား သော်လည်းနည်း သွားရ၏။ သို့မဟုတ်လုံးဝသော်လည်းရပ်သွားရ၏။ သို့သော်ဂရစ် ကိုလျှပ်စစ်အဖိုဓာတ် ပေးလိုက်လျှင် ကား ရှိရင်းစွဲ ဓာတ်ဖိုခေါင်းအပြင် ဓာတ်ဖိုခေါင်းတစ်ခု ထပ်တိုးလာသည့် အတွက် အီလက်ထရွန်စီးကြောင်းသည်ဆ ထက်ထမ်းပိုးတိုး၍ ကြီးမားအားကောင်းလာသည့်အတိုင်းအဖိုဓာတ် ခေါင်းနှင့် သက်ဆိုင်သည့်ဆားကစ်ရှိဓာတ်စီး ကြောင်းသည်လည်း အဆပေါင်းများစွာ အားကောင်းလာရပေသည်။ ထိုကြောင့်ထရိုင် အုတ်ပြွန်ကို' အမ်ပလီဖိုင်း ယား'ခေါ် ဓာတ်အားချဲ့ ကရိယာအဖြစ်ဖြင့်အသုံးချနိုင်သည်။ ထရိုင်အုတ်ပြွန်အများကို ဆက်သွယ်အသုံးပြုခြင်းဖြင့် အလွန်သေးငယ်သော လျှပ်စီး ကြောင်းများက အဆပေါင်းသိန်းသန်းမက ကြီးမားလာသည် အထိချဲ့ယူနိုင်လေသည်။
သာမျွန်နစ်ပြွန်ကို တစ်မျိုးတစ်မည်စီမံပေးခြင်း ဖြင့်'ဟိုင်းဖရီကွင်စီကားရင့်'ခေါ် တုန်ကြိမ်အလွန်များသော လျှပ်စစ်ဓာတ်မျိုးကိုလည်း ဖန်တီးပေးနိုင်လေသည်။ အသုံးကိစ္စကိုလိုက်၍ အမျိုးမျိုးပြုပြင်တီထွင်ထားသော သာမျွန်နစ်ပြွန်ပုံစံများမှာ ထောင်နှင့်ချီ၍ပင်ရှိ၏။ အချို့တွင် ဂရစ်သုံးလေးငါးခုပါ၍ အချို့တွင်လည်း ဓာတ်ဖိုခေါင်းနှစ်ခု သုံးခုပါကြသည်။ အချို့မှာ လဖက်ရည်ဇွန်းထဲသို့ နှစ်ခုသုံးခု ပူးတွဲထည့်ထားနိုင်လောက်အောင် သေးငယ်၍ အချို့မှာလည်း လူနှစ်ယောက်သုံးယောက်ပင့်ရလောက်အောင် ကြီးမားပေသည်။ ထိုသို့အသုံးကိစ္စကွဲလွဲကြသော်လည်း အခြေခံသဘောမှာမူ အားလုံး အတူတူပင်ဖြစ်ကြလေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)