တထာဂတ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တထာဂတ ဆိုသည်မှာ ပါဠိနှင့် သင်္သကရိုက်ဘာသာစကား စကားလုံးတစ်ခု ဖြစ်ပြီး ဂေါတမမြတ်စွာဘုရားသည် ပိဋကတ်သုံးပုံတွင် မိမိကိုယ်ကိုယ် ရည်ညွှန်းပြောဆိုရာ၌ သုံးသည်။ "ရှေးဘုရားများကဲ့သို့ လာခြင်းကောင်းသော မြတ်စွာဘုရား" ဟု အဓိပ္ပာယ်ရသည်။[၁][၂]
တထာဂတအမည်ရခြင်း
[ပြင်ဆင်ရန်]သဗ္ဗညုသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကို တထာဂတဟု ခေါ်ဆိုရခြင်း၌ အကြောင်းတရား များစွာရှိ၏။ ယင်းသို့ အကြောင်းတစ်ရား များစွာရှိသည်တွင် အောက်ပါအချက်သည်ထဲ ထိုအထဲမှ တစ်ခုဖြစ်သည်။[၁]
ရဟန်းတို့ တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် အကြင်ညဉ့်၌လည်း အတုမရှိ အမြတ်ဆုံးဖြစ်သည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ထိုးထွင်း၍ သိမြင်တော်မူ၏။ အကြင်ညဉ့်၌လည်း ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်တော်မူ၏။ ထိုညဉ့်နှစ်နှစ်ညဉ့်တို့၏ အတွင်း၌ လေးဆယ့်ငါးဝါ ကာလပတ်လုံး အကြင်တရားတော်ကို ဟောကြားတော်မူ၏၊ မြွက်ဟတော်မူ၏၊ ညွှန်ပြတော်မူ၏။ ထိုဟောပြော,မြွက်ဟ, ညွှန်ပြတော်မူအပ်သော တရားအလုံးစုံသည် ဟောကြားတော်မူသည့်အတိုင်း, မြွက်ဟတော်မူသည့်အတိုင်း, ညွှန်ပြတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်၏။ မမှန်ဟူေသာ အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် မဖြစ်ပေ။ ထို့ကြောင့် သင်တို့ဆရာ ငါဘုရားကို တထာဂတ ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ-၃-၁၁၁။ အံ-၁-၃၃၂။)[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ဖားအောက်တောရဆရာတော်။ ဓမ္မစကြာနှင့် ဝိပဿနာတရားတော်။ https://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=&cad=rja&uact=8&ved=2ahUKEwiMv7rHhaXsAhUXQH0KHSEzC4M4HhAWMAV6BAgFEAI&url=https%3A%2F%2Fwww.thitsarparamisociety.com%2Fwp-content%2Fuploads%2FBooks%2FPa%2520Auk%2520sayardaw%2F1%2F19.pdf&usg=AOvVaw1In_9eV_s1mXxESnp2UpE3။
|website=
ရှိ ပြင်ပလင့်ခ် (အကူအညီ) - ↑ Chalmers, Robert. The Journal of the Royal Asiatic Society, 1898. pp.103-115