BRICS
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
BRICS ဆိုတာ ဘရာဇီးလ်[၁]၊ ရုရှား၊ အန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေ စုပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံရေး ဇတ်ခုံပေါ်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ပါဝါရှိပြီး နေရာယူထားမှုကို ယှဉ်ပြိုင်နိုင်ဖို့ ထူထောင်ထားကြတာပါ။
၂၀၀၁ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းဖို့ ရည်ရွယ်ခဲ့ကြပြီး ၂၀၀၃ ခုနှစ်မှာ BRIC လို့ (၄) နိုင်ငံက စတင်ပေါင်းစည်းခဲ့ကြပါတယ်။
အဖွဲ့အစည်းအဖြစ် ၂၀၀၉ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ ဖွဲ့ခဲ့ပြီး တောင်အာဖရိက နိုင်ငံကတော့ ၂၀၁၀ ကျမှ စတင်ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံရေး ဩဇာ၊ စီးပွားရေး ဩဇာ လွှမ်းမိုးရာမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို မှီခိုရတာ လျော့ချဖို့ရည်ရွယ်ပါတယ်။
BRICS အချင်းချင်း ရင်းနှီးမြှုပ်နှံရန်၊ ယဉ်ကျေးမှု ဖလှယ်ရန်၊ ကုန်သွယ်ရေးသဘောတူညီမှုတွေ ပြုလုပ်နိုင်ရန် ရည်းမှန်းပါတယ်။
BRICS ရုံးချုပ်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မှာ တည်ထောင်ထားပြီး အစည်းအဝေးကို နိုင်ငံအလှည့်ကျ ကျင်းပကြပါတယ်။
BRICS နိုင်ငံတွေရဲ့ ဂျီဒီပီ စုစုပေါင်းဟာ ကမ္ဘာ့ဂျီဒီပီရဲ့ (၃၁.၅)% အထိရှိနေပြီး ၂၀၃၀ မှာ (၅၀)% အထိ ရှိလာမည် ခန့်မှန်းပါတယ်။
BRICS နိုင်ငံတွေရဲ့ GDP အရ
တရုတ် (၁၉.၃၇) ထရီလီယံ
အိန္ဒိယ (၃.၇၄) ထရီလီယံ
ရုရှား (၂.၀၆) ထရီလံယံ
ဘရာဇီးလ် (၂.၀၈) ထရီလီယံ
တောင်အာဖရိက (၃၉၉) ဘီလီယံ တောင်ရှိနေပါတယ်။
BRICS ရဲ့ လူဦးရေ စုစုပေါင်းဟာ (၃.၇) ဘီလီယံ ရှိပြီး ကမ္ဘာ့လူဦးရေ၏ (၄၁.၄၄)% အထိ တောင်ပါ။
BRICS နိုင်ငံ (၅) ခု၏ နယ်မြေအကျယ်အဝန်းဟာ ကမ္ဘာ့ကုန်မြေ စုစုပေါင်း၏ (၃၀)% အထိတောင် ရှိနေပါတယ်။
BRICS စတင် ဖြစ်ပေါ်လာရာခြင်း အကြောင်းကတော့ ကမ္ဘာ့ဘဏ်နှင့် IMF တို့လို နေရာမျိုးမှာ မဲအသာစီး မရလို့ပါ။
World bank ဆိုတာ နိုင်ငံတကာကို ငွေချေးပေးနေတာဖြစ်ပြီး၊ IMF ဆိုတာကတော့ ဖွဲ့ဖြိုးဆဲနိုင်ငံတွေကို ချေးငွေတွေ ပေးပါတယ်။
ဒီလိုငွေကြေးအဖွဲ့အစည်းဟာ နိုင်ငံတွေအပေါ် လွှမ်းမိုးမှုရှိပြီး အမေရိကန်နှင့် အနောက်နိုင်ငံတွေက မဲပေးမှု အသာစီး ရရှိထားပါတယ်။
ဒီအသာစီး ရရှိထားမှုကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံတွေ သိပ်မကြည်တဲ့ အာဏာရှင်နိုင်ငံတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံတွေကို ချေးငွေမပေးနိုင်အောင် တာစီးထိန်းချုပ်ထားလေ့ရှိပါတယ်။
ဒါ့ကြောင့် တရုတ်လို နိုင်ငံတွေက မဟာမိတ် အာဏာရှင်တွေကို ချေးငွေပေးချင်ပေမယ့် မဲခွဲချိန်မှာ အရှုံးနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။
အဲဒီမှာဘဲ စီးပွားရေးအားကောင်းလာတဲ့ (၅) နိုင်ငံက စုပေါင်းပြီး နိုင်ငံတကာသုံး ငွေကြေးစနစ်သစ်တခုကို ထူထောင်ချင်လာပါတယ်။
ကမ္ဘာ့ငွေကြေး သုံးစွဲမှုအပိုင်းမှာ အမေရိကန်ဒေါ်လာကို မှီခိနေရမှုနှင့် သုံးစွဲမှုတို့ကိ လျော့ချချင်လာကြပါတယ်။
BRICS နိုင်ငံအချင်းချင်းကုန်သွယ်ရင် ဒေါ်လာအစား ငွေကြေးအသစ်သုံးစွဲနိုင်ဖို့ ရည်မှန်းတာပါ။
နောက်ပိုင်းမှာ ကိုယ်ပိုင်ငွေကြေးအသစ် ဖန်တီးထုတ်လုပ်ပြီး ကုန်သွယ်ရေးတွေမှာ သုံးနိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်။
လတ်တလော တရုတ် ယွမ်ငွေကို ဘုံငွေကြေးအဖြစ်သုံးဖို့ လျာထားပြီး အခြားနိုင်ငံတွေကလည်း သူတို့ငွေကြေးကို သုံးချင်ကြပါသေးတယ်။
အမေရိကန်လို ဒေါ်လာကို ပို့ကုန်တခုလို ထုတ်ဝေပြီး တကမ္ဘာလုံးမှာ စီးပွားရေး၊ နိုင်ငံရေးအရ အကျိုးအမြတ် ရှိတာမျိုးကို လိုချင်ကြတာပါ။
လက်ရှိကမ္ဘာမှာ The Society for Worldwide Interbank Financial Telecommunication (SWIFT) system[၂] ဆိုတဲ့ ငွေလွှဲစနစ်ကို သုံးပါတယ်။
SWIFT ကို နိုင်ငံအသီးသီးက ကုန်သွယ်ရေးနဲ့ ငွေလွှဲပြောင်းဖို့ သုံးနေကြပြီး အနောက်နိုင်ငံတွေက ထိန်းချုပ်ထားပါတယ်။
ဒါကို တရုတ်၊ ရုရှား အပါအဝင် နိုင်ငံတချို့က မသုံးချင်ကြဘဲ တခြားငွေကြေးလွှဲပြောင်းမှု စနစ်တခုကို ပြောင်းသုံးချင်ကြပါတယ်။
လက်ရှိ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့အတွက် SWIFT အသုံးပြုခွင့်ပိတ်လိုက်တော့ ရုရှားဒုက္ခရောက်သွားပါတယ်။
ဒါ့ကြောင့် BRICS နိုင်ငံတွေအနေနဲ့ ကိုယ်ပိုင်ငွေကြေးစနစ်ကို ဖန်တီးလိုပြီး အခုလို အရေးယူမှုတွေကနေ လွတ်မြောက်ချင်နေပါတယ်။
တရုတ်က the Cross-Border Inter-Bank Payments System (CIPS)[၃]
အိန္ဒိယက Structured Financial Messaging System (SFMS)[၄]
ဘရာဇီးလ်ကတော့ Pix[၅] စနစ်တို့ကို အကောင်အထည်ဖော်ထားပါတယ်။
ဒါ့အပြင် ငွေကြေးကဏ္ဍအတွက် New Development Bank[၆] ကို တည်ထောင်ကာ စီမံကိန်းတွေပြုလုပ် ချေးပေးနေပါတယ်။
ယခင်ကတော့ BRICS ကို လူသိနည်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အတူ လူစိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာပါတယ်။
အမေရိကန်နှင့် အနောက်နိုင်ငံတွေရဲ့ အရေးယူမှုကနေ လွတ်ကင်းဖို့ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ပိုမိုဆော်ဩလာလို့ပါ။
ဒါ့ကြောင့် အမေရိကန်က အရေးယူမှာကြောက်ကြတဲ့ နိုင်ငံပေါင်း (၃၀)ကျော်က BRICS ကို စိတ်ဝင်စားလာကြပါတယ်။
အဖွဲ့ဝင်ဖြစ်ဖို့ လျောက်ထားလာပါတယ်။
ဒီအထဲမှာ စစ်ကောင်စီ[၇]ရဲ့ ဗဟိုဘဏ်ဟာလည်း လျောက်ထားဖို့ ဆိုင်းပြင်နေပါတယ်။
BRICS ထဲဝင်ကာ အနောက်နိုင်ငံတွေ ထိန်းချုပ်ထားတဲ့ နိုင်ငံတကာ ငွေပေးစနစ်ကို ကျော်ခွချင်တာပါ။
ကမ္ဘာ့စီးပွားရေးအကောင်းဆုံးနိုင်ငံ ဖြစ်လာတဲ့ တရုတ်က ယွမ်ကို ဒေါ်လာလို ပြောင်းချင်တယ်။
အိန္ဒိယနဲ့ ဘရာဇီးလ်ကလည်း သူတို့ငွေကြေးကို ရှေ့တင်ချင်တယ်။
ဒါပေမယ့်လည်း အခုအချိန်အထိတော့ သုံးစွဲမှုနည်းပါးပြီး ဒေါ်လာကိုသာ မှီခိုနေကြရပါတယ်။
အဖွဲ့ဝင်ဖြစ်ခွင့်လျောက်ထားတဲ့ (၁၀) နိုင်ငံကိုလည်း လက်ရှိတော့ အဖွဲ့ဝင်ဖြစ်ခွင့် ပေးထားတာမျိုးတော့ မရှိသေးပါဘူး။
တရုတ်ကတော့ သူ့ကိုယ်ပိုင်ငွေကြေး ယွမ်ငွေနဲ့ CIPS စနစ်ကို အသုံးပြုဖို့ နိုင်ငံတွေကို လှည့်လည်စည်းရုံးနေပါတယ်။
ဥပမာ မြန်မာကျပ်ငွေကို ဒေါ်လာကြားမခံဘဲ တရုတ်ယွမ်နဲ့ တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်အောင် သဘောတူညီထားသလိုမျိုးပါ။
BRICS ဆိုတာ အမေရိကန် ငွေကြေးစနစ်နဲ့ SWIFT စနစ်ကို စင်ပြိုင်နိုင်ဖို့ နိုင်ငံ(၅) နိုင်ငံပေါင်းစည်းထားကြတဲ့သဘောပါ။
၂၀၂၂ ခုနှစ်ကစလို့ လူစိတ်ဝင်စားမှုမြင့်မားလာပေမယ့် အောင်မြင်ဖို့တော့ အကန့်အသတ်ရှိနေဆဲပါ။
တရုတ်ကိုယ်တိုင်တောင် အခုအချိန်ထိ ဒေါ်လာကို အရန်ငွေကြေးအဖြစ် ထရီလီယံချီပြီး ဝယ်လှောင်ထားနေတုန်းပါ။